back

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ရောဂါရှာဖွေကုသနိုင်မည့် ခေတ်မီ SPECT-CT စက်သစ်တစ်လုံး ထပ်မံတပ်ဆင်မည်

Jun 14 • 9:10 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ရောဂါရှာဖွေကုသနိုင်မည့် ခေတ်မီ SPECT-CT စက်သစ်တစ်လုံး ထပ်မံတပ်ဆင်မည်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေကုသနိုင်သည့် ခေတ်မီ SPECT-CT စက်သစ်တစ်လုံးကို ယခုနှစ်အတွင်း ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိ...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေကုသနိုင်သည့် ခေတ်မီ SPECT-CT စက်သစ်တစ်လုံးကို ယခုနှစ်အတွင်း ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆေးရုံကြီးတွင် လက်ရှိ၌ SPECT-CT နှင့် PET-CT စက်များကို အသုံးပြု၍ ရောဂါအမျိုးအစားအလိုက် ခွဲခြားစစ်ဆေးပေးလျက်ရှိပြီး၊ သိုင်းရွိုက်၊ အရိုး၊ ကျောက်ကပ်၊ ပါရာသိုင်းရွိုက်၊ အသည်းနှင့် သရက်ရွက်၊ သည်းခြေလမ်းကြောင်းနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများအပြင် ကင်ဆာရောဂါဆိုင်ရာ စမ်းသပ်ရှာဖွေမှုများကိုလည်း အဏုမြူရောင်ခြည်ဆေးရည် အသုံးပြုကာ ရှာဖွေကုသပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

27