back

စပွန်ဆာစာချုပ်များကြောင့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဆုကြေးငွေများ တိုးမြှင့်ချီးမြှင့်မည်

Jun 14 • 9:08 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

စပွန်ဆာစာချုပ်များကြောင့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဆုကြေးငွေများ တိုးမြှင့်ချီးမြှင့်မည်

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာအမျိုးသမီးလိဂ်နှင့် ကုမ္ပဏီများအကြား စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ခဲ့သဖြင့် ယခုကျင်းပမည့် ၂၀၂၆-၂၀၂၇ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွ...

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာအမျိုးသမီးလိဂ်နှင့် ကုမ္ပဏီများအကြား စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ခဲ့သဖြင့် ယခုကျင်းပမည့် ၂၀၂၆-၂၀၂၇ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဆုကြေးငွေများ တိုးမြှင့်ရရှိလာတော့မည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲအပြီးတွင် အမှတ်ပေးချန်ပီယံအသင်းအား ငွေကျပ်သိန်း ၁,၀၀၀၊ ဒုတိယအသင်းအား ငွေကျပ်သိန်း ၇၀၀၊ တတိယအသင်းအား ငွေကျပ်သိန်း ၅၀၀ နှင့် စတုတ္ထအသင်းအား ငွေကျပ်သိန်း ၃၀၀ စသည်ဖြင့် အဆင့်အလိုက် အဆင့် (၁၀) အသင်းအထိ (အနည်းဆုံး ငွေကျပ် ၇၅ သိန်းမှ အများဆုံး ငွေကျပ်သိန်း ၁,၀၀၀ အထိ) အသီးသီး တိုးမြှင့်ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

38