မြန်မာ့ဘောလုံးပြိုင်ပွဲများကို နိုင်ငံတကာစံနှုန်းနှင့်အညီ စနစ်တကျ ကြီးကြပ်ကွပ်ကဲနိုင်မည့် ပြိုင်ပွဲကြီးကြပ်သူများ ပိုမိုထွက်ပေါ်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူးဖွင့်လှစ်ခဲ့သော AFC-MFF MC Seminar and LOC Workshop မှာ ဇွန်လ ၁၃ ရက် (ယမန်နေ့) ညနေပိုင်းတွင် အောင်မြင်စွာ ပြီးစီးသွားခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ဇွန်လ ၁၂ ရက်မှ ၁၃ ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့သည့် အဆိုပါသင်တန်းတွင် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူ Mr. Brian See Mei Chiat ကိုယ်တိုင် စာတွေ့၊ လက်တွေ့ စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့ပြီး ပြိုင်ပွဲကြီးကြပ်သူ ၄၆ ဦးအထိ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ဘောလုံးပြိုင်ပွဲများကို နိုင်ငံတကာစံနှုန်းနှင့်အညီ ကြီးကြပ်ကွပ်ကဲနိုင်မည့် ပြိုင်ပွဲကြီးကြပ်သူ ၄၆ ဦး မွေးထုတ်ပေးနိုင်ခဲ့
Jun 14 • 9:07 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


