ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၄)၊ ဘုရင့်နောင်လမ်းရှိ အဆောက်အအုံတစ်ခုတွင် ဇွန်လ ၁၄ ရက် (ယနေ့) နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ မီးလောင်မှုအရှိန်ပြင်းထန်သဖြင့် နံနက် ၆ နာရီ ၃၁ မိနစ်တွင် Level 1 အဆင့် သတ်မှတ်ကာ အားဖြည့်ငြှိမ်းသတ်ခဲ့ရပြီး နံနက် ၆ နာရီ ၄၉ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကာ၊ လက်ရှိတွင် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးတို့ကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့က အသေးစိတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွှေပြည်သာစက်မှုဇုန် (၄) ရှိအဆောက်အအုံတစ်ခုတွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွား
Jun 14 • 9:05 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 19 | 0 | 0 | 0 |


