ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၁၃ ရက်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အစိုးရနည်းပညာကောလိပ်၌ ကျင်းပခဲ့သည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ တိုင်းတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ ပွဲတော်အတွင်း ခရေ၊ ပိတောက်၊ ကံ့ကော်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပျဉ်းကတိုး၊ သင်္ကန်း၊ ပျဉ်းမ နှင့် တရုတ်တယ် စသည့် သစ်ပင်အမျိုးအစား ၉ မျိုး (စုစုပေါင်း အပင်ရေ ၁,၉၀၀) ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်း၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)၌ သစ်ပင်မျိုး ၉ မျိုး၊ အပင်ပေါင်း ၂,၀၀၀ ခန့် စုပေါင်းစိုက်ပျိုး
Jun 14 • 9:01 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 23 | 0 | 0 | 0 |

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သည့် တရုတ်နှင့် မြန်မာနိုင်ငံသား ၉၄ ဦးကို ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော် မြောက်ဘက်မုခ်အဝင် အင်ကြင်းဥယျာဉ်လမ်းခင်းခြင်းနှင့် ရေမြောင်းပြုလုပ်မည့်လုပ်ငန်းခွင်အား တိုင်းလွှတ်တော်ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု

