back

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သည့် တရုတ်နှင့် မြန်မာနိုင်ငံသား ၉၄ ဦးကို ဖမ်းဆီးရမိ

Jun 14 • 8:59 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သည့် တရုတ်နှင့် မြန်မာနိုင်ငံသား ၉၄ ဦးကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အခြေပြုကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၉၄ ဦးက...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အခြေပြုကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၉၄ ဦးကို လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနှင့်အတူ ဇွန်လ ၁၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ ကောင်းမှုလွယ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ဝင်ရောက်စီးနင်းရာမှ အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၃၇ ဦး (စုစုပေါင်း ၈၈ ဦး) ကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ရှာဖွေဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကောင်းမှုတုံရပ်ကွက်ရှိ အခြားနေအိမ်တစ်လုံးမှလည်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး (စုစုပေါင်း ၆ ဦး) တို့ကို လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

news-view-count-icon

22