back

ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေတွင် မြေဈေးများ အဆမတန်ကျဆင်းနေ၍ လိုက်လံဝယ်ယူသူများနေ

Jun 14 • 3:35 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေတွင် မြေဈေးများ အဆမတန်ကျဆင်းနေ၍ လိုက်လံဝယ်ယူသူများနေ

ရခိုင်ပြည်နယ်၊သံတွဲခရိုင် ငပလီမြို့ပတ်ဝန်းကျင်၌ အိမ်ခြံမြေဈေးများ အဆမတန်ကျဆင်းနေခြင်းကြောင့် ရန်ကုန်မှ အိမ်ခြံမြေအရောင်းအဝယ်လုပ်သူများက လူယုံများဖြင့် တိတ်တဆိတ်...

ရခိုင်ပြည်နယ်၊သံတွဲခရိုင် ငပလီမြို့ပတ်ဝန်းကျင်၌ အိမ်ခြံမြေဈေးများ အဆမတန်ကျဆင်းနေခြင်းကြောင့် ရန်ကုန်မှ အိမ်ခြံမြေအရောင်းအဝယ်လုပ်သူများက လူယုံများဖြင့် တိတ်တဆိတ် လိုက်လံဝယ်ယူမှုများ ရှိနေကြောင်းသိရသည်။ လက်ရှိတွင် လင်းသာ၊ မြပြင်၊ ငပလီနှင့် ဂေါ့တို့ရှိ ကမ်းခြေမဟုတ်သည့် လမ်းတစ်ဖက်ခြမ်းရှိ ၃၅ ပေပတ်လည် မြေကွက်များကို ကျပ်သိန်း ၁၃၀ ဝန်းကျင်ဖြင့် အထောက်အထားစုံပေးကာ ရောင်းချနေကြပြီး၊ ဝယ်ယူသူများသည် နောင်တွင် ဒေသငြိမ်းချမ်းသွားပါက အမြတ်အစွန်းအဆမတန်ရရှိရန် မျှော်လင့်၍ စွန့်စားဝယ်ယူနေကြခြင်း ဖြစ်သည်။

news-view-count-icon

28