back

တနင်္သာရီမြို့နယ် တကူနှင့် သာရဘွင်ကျေးရွာများတွင် ကွမ်းသီးနု အထွက်များသော်လည်း ဈေးကောင်းမရ

Jun 14 • 3:33 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီမြို့နယ် တကူနှင့် သာရဘွင်ကျေးရွာများတွင် ကွမ်းသီးနု အထွက်များသော်လည်း ဈေးကောင်းမရ

တနင်္သာရီမြို့နယ်ရှိ တကူကျေးရွာအုပ်စုနှင့် သာရဘွင်ကျေးရွာအုပ်စုတို့တွင် ယခုနှစ် ကွမ်းသီးနုများ အထွက်များသော်လည်း ဈေးနှုန်းကျဆင်းနေကြောင်း ခြံပိုင်ရှင်များထံမှ သ...

တနင်္သာရီမြို့နယ်ရှိ တကူကျေးရွာအုပ်စုနှင့် သာရဘွင်ကျေးရွာအုပ်စုတို့တွင် ယခုနှစ် ကွမ်းသီးနုများ အထွက်များသော်လည်း ဈေးနှုန်းကျဆင်းနေကြောင်း ခြံပိုင်ရှင်များထံမှ သိရသည်။ ဇွန်လပထမပတ်ကတည်းက စတင်ခူးယူရောင်းချနေသည့် ကွမ်းသီးနုသည် ပြီးခဲ့သည့်နှစ် ရာသီအစတွင် တစ်ပိဿာလျှင် ၁၁,၀၀၀ ကျပ်ဝန်းကျင် ရရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ၇,၀၀၀ ကျပ်ဝန်းကျင်သာ ဈေးရတော့သည်။ ဈေးကောင်းမရသော်လည်း ဒေသခံများမှာ စားဝတ်နေရေးအတွက်လည်းကောင်း၊ ခြံအတွင်း ကွမ်းသီးမှည့်သည်အထိ ထားပါက သူခိုးခိုးယူမည့်အန္တရာယ်ရှိသဖြင့်လည်းကောင်း ရသည့်ဈေးဖြင့်သာ ခူးယူရောင်းချနေကြရသည်။ ကွမ်းသီးပင် သောင်းနှင့်ချီ စိုက်ပျိုးထားသည့် ၎င်းကျေးရွာအုပ်စုများမှထွက်သော ကွမ်းသီးနုများကို တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများက ဝယ်ယူကြပြီး အဆာပြေသရေစာ၊ အစာကြေဆေး၊ သန်ချဆေးနှင့် ခံတွင်းရနံ့သန့်စင်ဆေးများ ဖော်စပ်ရာတွင် အသုံးပြုကြောင်း သိရသည်။

news-view-count-icon

24