back

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သည့် တရုတ်နှင့် မြန်မာလုပ်သား ၉၄ ဦး ဖမ်းဆီးရမိ

Jun 14 • 2:42 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သည့် တရုတ်နှင့် မြန်မာလုပ်သား ၉၄ ဦး ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အခြေပြုကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၉၄ ...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အခြေပြုကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၉၄ ဦးကို လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနှင့်အတူ ဇွန်လ ၁၃ ရက် ယမန်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ ကောင်းမှုလွယ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ဝင်ရောက်စစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၃၇ ဦး (စုစုပေါင်း ၈၈ ဦး) ကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ရှေးဦးစွာ ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် ကောင်းမှုတုံရပ်ကွက်ရှိ အခြားနေအိမ်တစ်လုံးမှလည်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် တရားခံများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

16