back

ကရင်ပြည်နယ် မြဝတီမြို့တွင် HIV ပိုးကူးစက်မှု တစ်လလျှင် ၄၀ ထက်မနည်းရှိနေ

Jun 14 • 2:13 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ် မြဝတီမြို့တွင် HIV ပိုးကူးစက်မှု တစ်လလျှင် ၄၀ ထက်မနည်းရှိနေ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် HIV နှင့် ကာလသားရောဂါပိုးတွေ့ရှိသူ အသစ် ပျမ်းမျှတစ်လလျှင် ၄၀ ဦးထက်မနည်းရှိနေပြီး လက်ရှိတွင် ပိုးထိန်းဆေး (ART) သ...

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် HIV နှင့် ကာလသားရောဂါပိုးတွေ့ရှိသူ အသစ် ပျမ်းမျှတစ်လလျှင် ၄၀ ဦးထက်မနည်းရှိနေပြီး လက်ရှိတွင် ပိုးထိန်းဆေး (ART) သောက်သုံးနေရသူ ၂,၀၀၀ ကျော်ရှိကြောင်း အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။ ရောဂါပိုးတွေ့ရှိမှုများသည် ဆန္ဒအလျောက် လာရောက်စစ်ဆေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သွေးလှူရှင်များကို စစ်ဆေးခြင်းတို့မှ ပေါ်ထွက်လာခြင်းဖြစ်သည်။မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်အထိ ပြည့်တန်ဆာရုံ ၆၀ ကျော်နှင့် လိင်လုပ်သား ၂,၀၀၀ ကျော်ရှိခဲ့ပြီး၊ ၂၀၂၆ ခုနှစ်အတွင်း သင်္ဃန်းညီနောင်ဘက်၌ပါ ပြည့်တန်ဆာရုံများ ပြန်လည်ပွင့်လာသဖြင့် ပိုမိုများပြားလာတာဖြစ်ပါသည်။ အဓိကအားဖြင့် KTV၊ ကလပ်နှင့် ဘားများတွင် စိတ်ကြွမူးယစ်ဆေးဝါးများ သုံးစွဲကာ အကာအကွယ်မဲ့ လိင်ဆက်ဆံကြခြင်းကြောင့် ကူးစက်မှုမြင့်မားလာခြင်းဖြစ်သည်။ လက်ရှိတွင် အဖွဲ့အစည်းများက ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်နေသော်လည်း အချို့သော KTV နှင့် အနှိပ်ခန်းများက ပူးပေါင်းရန် ငြင်းဆန်နေသဖြင့် လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူရန် တိုက်တွန်းမှုများ ရှိနေသည်။

news-view-count-icon

67