back

ရန်ကုန်တိုင်း၊ မြောင်းတကာစက်မှုဇုန်ရှိ လုပ်ငန်းရှင်တစ်ဦး လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုဖြင့် အမှုဖွင့်အရေးယူခံရ

Jun 14 • 1:59 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း၊ မြောင်းတကာစက်မှုဇုန်ရှိ လုပ်ငန်းရှင်တစ်ဦး လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုဖြင့် အမှုဖွင့်အရေးယူခံရ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြောင်းတကာစက်မှုဇုန်မှ သံရည်ကျိုစက်ရုံလုပ်ငန်းရှင်တစ်ဦးကို လျှပ်စစ်မီတာအား မသမာသောနည်းဖြင့် ပြုပြင်ကာ ဓာတ်အားခိုးယူသုံး...

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြောင်းတကာစက်မှုဇုန်မှ သံရည်ကျိုစက်ရုံလုပ်ငန်းရှင်တစ်ဦးကို လျှပ်စစ်မီတာအား မသမာသောနည်းဖြင့် ပြုပြင်ကာ ဓာတ်အားခိုးယူသုံးစွဲမှုဖြင့် ဇွန်လ ၁၁ ရက်နေ့က မှော်ဘီမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်သည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက မသမာနည်းဖြင့် ဓာတ်အားသုံးစွဲမှုများကို စောင့်ကြည့်စစ်ဆေးရာမှ မြေကွက်အမှတ် (၅၂/၅၃) ရှိ အဆိုပါစက်ရုံကို မသင်္ကာသဖြင့် ဝင်ရောက်စစ်ဆေးရာ ဓာတ်အားခိုးယူထားမှုကို ဖော်ထုတ်ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုမသမာမှုကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားယူနစ် ၅,၀၆၈,၈၀၀ အတွက် ငွေကျပ် သန်း ၄,၅၀၀ ကျော် ဆုံးရှုံးနစ်နာခဲ့ရသဖြင့် လျှပ်စစ်မီတာကို ချက်ချင်းပိတ်သိမ်းခဲ့ပြီး နစ်နာမှုများ ပြန်လည်ရရှိရေးနှင့် လုပ်ငန်းရှင်ကို လျှပ်စစ်ဥပဒေဖြင့် ထိရောက်စွာအရေးယူနိုင်ရန် ဆောင်ရွက်ထားသည်ဟု ဆိုပါသည်။

news-view-count-icon

50