back

မန္တလေး ကညနရုံးတွင် ယာဉ်မပါဘဲ နေရာယူကာ ပြန်ရောင်းစားသူများကို စစ်ဆေးကြပ်မတ်မည်

Jun 14 • 1:46 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး ကညနရုံးတွင် ယာဉ်မပါဘဲ နေရာယူကာ ပြန်ရောင်းစားသူများကို စစ်ဆေးကြပ်မတ်မည်

မန္တလေးမြို့၊ သိပ္ပံလမ်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညနရုံး) တွင် ယာဉ်စစ်ဆေးရန် လာရောက်ကြသည့် ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရေးအတွက် ယာဉ်မပါဘဲ န...

မန္တလေးမြို့၊ သိပ္ပံလမ်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညနရုံး) တွင် ယာဉ်စစ်ဆေးရန် လာရောက်ကြသည့် ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရေးအတွက် ယာဉ်မပါဘဲ နေရာဦးကာ ပြန်လည်ရောင်းစားနေသူများကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ယမန်နေ့ ဇွန်လ ၁၃ ရက် တွင် ထုတ်ပြန်လိုက်သည်။လက်ရှိတွင် ကညနရုံး၌ ယာဉ်စစ်ဆေးရန် ညအချိန်ကတည်းက ယာဉ်များ တန်းစီစောင့်ဆိုင်းနေကြရာတွင် မော်တော်ယာဉ်အမှန်တကယ်မပါဘဲ စက်ဘီး၊ ဆိုင်ကယ်၊ အုတ်ခဲနှင့် အခြားပစ္စည်းများဖြင့် နေရာယူကာ ကန့်သတ်နေရာများကို ပြန်လည်ရောင်းစားနေသူများ ရှိနေကြောင်း သိရသည်။Online Booking ရယူထားသည့် ယာဉ်ပိုင်ရှင်များကို အခက်အခဲမရှိ နေ့ချင်းပြီး စစ်ဆေးပေးနေပြီး၊ နံနက်ပိုင်းကျမှသာ ယာဉ်များကို ရုံးဝန်းအတွင်း စနစ်တကျ တန်းစီဝင်ရောက်စေမည် ဖြစ်သည်။ သို့ဖြစ်ရာ ညအချိန် ကြိုတင်တန်းစီခြင်းနှင့် နေရာရောင်းစားခြင်းများကို ဌာနစုံပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ထိရောက်စွာ ကြပ်မတ်စစ်ဆေးသွားမည် ဖြစ်သည်။အမှန်တကယ် ယာဉ်စစ်ဆေးလိုသည့် ယာဉ်ပိုင်ရှင်များကို ကိုယ်ချင်းစာစိတ်ဖြင့် ကူညီပေးကြရန်နှင့် ညအချိန် တန်းစီခြင်း၊ နေရာရောင်းစားခြင်းများ မပြုလုပ်ကြရန် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က အသိပေး နှိုးဆော်ထားသည်။

news-view-count-icon

35