back

ဧရာဝတီတိုင်း ငပုတောမြို့နယ်တွင် ဆရာမ၏ဓာတ်ပုံကို ညစ်ညမ်းစာသားဖြင့် TikTok ပေါ်တင်သည့် ကျောင်းသား ၃ ဦးကို အမှုဖွင့်တိုင်ကြား

Jun 14 • 1:24 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း ငပုတောမြို့နယ်တွင် ဆရာမ၏ဓာတ်ပုံကို ညစ်ညမ်းစာသားဖြင့် TikTok ပေါ်တင်သည့် ကျောင်းသား ၃ ဦးကို အမှုဖွင့်တိုင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာ အထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမတစ်ဦး၏ ဓာတ်ပုံကို မဖွယ်မရာညစ်ညမ်းစာသားများ ရေးသားကာ ...

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာ အထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမတစ်ဦး၏ ဓာတ်ပုံကို မဖွယ်မရာညစ်ညမ်းစာသားများ ရေးသားကာ TikTok လူမှုကွန်ရက်ပေါ်တင်ခဲ့သည့် ကျောင်းသား ၃ ဦးကို ကာယကံရှင်ဆရာမက ရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။ ၎င်းညစ်ညမ်းစာသားပါဓာတ်ပုံ TikTok ပေါ်တွင် ပျံ့နှံ့နေသည်ကို သိရှိရပြီးနောက် ဆရာမဖြစ်သူက ကျောင်းအုပ်ကြီးထံ တင်ပြခဲ့သော်လည်း ကျောင်းအုပ်ကြီးနှင့် ကျောင်းသားမိဘများအကြား ပတ်သက်မှုများရှိနေသဖြင့် ကျောင်းပိုင်းမှတစ်ဆင့် အရေးယူပေးခြင်း မရှိခဲ့ပေ။ ထို့ကြောင့် နစ်နာသူဆရာမက မခံမရပ်နိုင်ဖြစ်ကာ ဟိုင်းကြီးကျွန်းမြို့ ရဲစခန်းသို့ ကိုယ်တိုင်သွားရောက်ကာ တရားဥပဒေအရ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပညာရေးဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။

news-view-count-icon

17