back

မွန်ပြည်နယ်တွင် စက်သုံးဆီရည်ညွှန်းဈေး ကျဆင်းလာသော်လည်း အခြားတိုင်းနှင့် ပြည်နယ်များထက် ဈေးနှုန်းပိုများနေဆဲဖြစ်

Jun 14 • 1:23 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်တွင် စက်သုံးဆီရည်ညွှန်းဈေး ကျဆင်းလာသော်လည်း အခြားတိုင်းနှင့် ပြည်နယ်များထက် ဈေးနှုန်းပိုများနေဆဲဖြစ်

မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများထက် ဈေးနှုန်းပိုမိုမြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။ ရည်ညွှန်းဈေးသစ်အ...

မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများထက် ဈေးနှုန်းပိုမိုမြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။ ရည်ညွှန်းဈေးသစ်အရ မွန်ပြည်နယ်တွင် ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၄,၁၂၅ ကျပ် (ယခင်ထက် ၄၂၅ ကျပ်ကျဆင်း) နှင့် ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၄,၂၁၀ ကျပ် (ယခင်ထက် ၄၄၅ ကျပ်ကျဆင်း) သို့ လျော့ကျခဲ့သည်။ သို့သော်လည်း အဆိုပါဈေးနှုန်းများသည် ရန်ကုန်၊ ဘားအံ၊ ပဲခူးနှင့် ထားဝယ်မြို့များရှိ ဆီဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron တွင် ၅၅ ကျပ်မှ ၂၄၅ ကျပ်အထိလည်းကောင်း၊ ဓာတ်ဆီ 95 Ron တွင် ၁၀၅ ကျပ်မှ ၂၉၅ ကျပ်အထိလည်းကောင်း ပိုမိုများပြားနေဆဲဖြစ်ကြောင်း သိရသည်။

news-view-count-icon

29