back

ဘန်ကောက်၌ မြန်မာအမျိုးသမီးကို အပိုင်းပိုင်းဖြတ်သတ်ပြီး ထွက်ပြေးသည့် တရားခံ အောင်ပြည့်ကို ဟင်္သာတမြို့တွင် ဖမ်းဆီးရမိ

Jun 13 • 11:32 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဘန်ကောက်၌ မြန်မာအမျိုးသမီးကို အပိုင်းပိုင်းဖြတ်သတ်ပြီး ထွက်ပြေးသည့် တရားခံ အောင်ပြည့်ကို ဟင်္သာတမြို့တွင် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တိုက်ခန်းတစ်ခု၌ အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အပိုင်းပိုင်းခုတ်ထစ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တိုက်ခန်းတစ်ခု၌ အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အပိုင်းပိုင်းခုတ်ထစ်၍ အနက်ရောင်ပလတ်စတစ်သေတ္တာအတွင်း ထည့်ထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် တရားခံ အောင်ပေ (ခေါ်) အောင်ပြည့်ကို ဇွန်လ ၁၃ ရက် (ယနေ့) နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် တရားခံသည် ခရီးဆောင်အိတ်ကြီးတစ်ခုနှင့်အတူ မဲဆောက်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ၎င်းအား ဟင်္သာတမြို့မရဲစခန်း၌ ထိန်းသိမ်းကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် အသေးစိတ် စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။

news-view-count-icon

28