ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၌ ဇွန်လ ၁၂ ရက် (ယမန်နေ့) ညနေပိုင်းက လက်ကိုင်ဖုန်း ခိုးယူလာသူတစ်ဦးကို သက်သေခံဖုန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အောင်ပန်းနယ်မြေရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ညောင်ပင်ထောင်ရပ်ကွက်၊ ပြည်သာယာအောက်ဈေးအတွင်း ကာလတန်ဖိုး ၇၅၀,၀၀၀ ကျပ်ခန့်ရှိ Redmi Note 15 အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံး လိုက်လံရောင်းချနေသည့် မြို့ဟောင်းရပ်ကွက်နေ ရဲမာန်ထွန်း (ခ) ရဲရဲ ဆိုသူအား စစ်ဆေးရာ ဖုန်းပိုင်ဆိုင်ကြောင်း အထောက်အထား မပြနိုင်ဘဲ အဆောက်အဦတစ်ခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ၎င်းအား အောင်ပန်းနယ်မြေရဲစခန်း၌ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


