back

ရက် ၁၀၀ စီမံချက်အရ တောင်ကြီးမြို့ရှိ စားသောက်ဆိုင်နှင့် ဘားများတွင် အရက်၊ ဘီယာ ဆိုင်ထိုင်သောက်ခွင့် ယနေ့မှစတင်၍ ပိတ်ပင်

Jun 13 • 11:28 AM

breaking-news

မြန်မာ

ရှမ်း

cover

ရက် ၁၀၀ စီမံချက်အရ တောင်ကြီးမြို့ရှိ စားသောက်ဆိုင်နှင့် ဘားများတွင် အရက်၊ ဘီယာ ဆိုင်ထိုင်သောက်ခွင့် ယနေ့မှစတင်၍ ပိတ်ပင်

ရက် ၁၀၀ စီမံချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ စားသောက်ဆိုင်၊ ကေတီဗီ (KTV) နှင့် ဘား (Bar) များတွင် အရက်နှင့် ဘီယာများကို ဆိုင်အတွင်း ထိုင်ရောက်သ...

ရက် ၁၀၀ စီမံချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ စားသောက်ဆိုင်၊ ကေတီဗီ (KTV) နှင့် ဘား (Bar) များတွင် အရက်နှင့် ဘီယာများကို ဆိုင်အတွင်း ထိုင်ရောက်သောက်သုံးခွင့် မပြုရန် ဇွန်လ ၁၃ ရက် (ယနေ့) မှစတင်၍ ပိတ်ပင်လိုက်ကြောင်း မြို့ခံများနှင့် ဆိုင်ရှင်များထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၁၂ ရက်တွင် ဘုရားဖြူရပ်ကွက်ရှိ အရက်နှင့် ဘီယာဆိုင်ပိုင်ရှင်များကို ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ ခေါ်ယူကာ ဆိုင်ထိုင်သောက်ခွင့်မပေးရန် ညွှန်ကြားချက်ကို လက်မှတ်ထိုးခိုင်းခဲ့ခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ ပိတ်ပင်ကန့်သတ်လိုက်ခြင်းကြောင့် စည်ဘီယာဆိုင်များ၊ ဘီယာအရောင်းမြှင့်တင်ရေး ဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ဝင်ငွေရလမ်းများ လုံးဝထိခိုက်ကာ အခက်အခဲဖြစ်ပေါ်နေကြကြောင်း သိရသည်။

news-view-count-icon

56