back

ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုး အခွန်ကင်းလွတ်ခွင့်ပြုနိုင်ရေး ညှိနှိုင်းနေ

Jun 13 • 11:26 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုး အခွန်ကင်းလွတ်ခွင့်ပြုနိုင်ရေး ညှိနှိုင်းနေ

နိုင်ငံတော်ပိုင် ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံများတွင် အသုံးပြုလျက်ရှိသော ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုးအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ဆက်စပ...

နိုင်ငံတော်ပိုင် ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံများတွင် အသုံးပြုလျက်ရှိသော ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုးအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဇွန်လ ၁၂ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံက ပြောကြားခဲ့သည်။ လက်ရှိတွင် ပြည်တွင်းဆေးဝါးထုတ်လုပ်မှု တိုးတက်ဖွံ့ဖြိုးစေရန်နှင့် ကုန်ကျစရိတ်လျှော့ချနိုင်ရန်အတွက် ဆေးဝါးကုန်ကြမ်း ၄၅၄ မျိုးကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်ကြောင်းနှင့် အခြေခံလူထုအတွက် ဆေးဝါးနှင့် စားသောက်ကုန် သွင်းကုန်အခွန် လျှော့ချပေးရန် အစီအစဉ် ရှိ၊ မရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

51