ထိုင်းနိုင်ငံမှ ကမ္ဘာကျော်အဆိုတော် လီဆာ (Lisa) သည် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်ဖျော်ဖြေခွင့်ရရှိသည့် ပထမဆုံးသော အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် သမိုင်းမှတ်တမ်းသစ် စိုက်ထူနိုင်ခဲ့သည်။ဇွန်လ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့ရှိ SoFi Stadium တွင် ကျင်းပခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနား၌ လီဆာသည် ဘရာဇီးအဆိုတော် အနစ်တာ (Anitta)၊ နိုက်ဂျီးရီးယားအဆိုတော် ရမ်မာ (Rema) တို့နှင့်အတူ ကမ္ဘာ့ဖလားဂုဏ်ပြုသီချင်းဖြစ်သော “Goals” သီချင်းဖြင့် ပူးပေါင်းသီဆို ဖျော်ဖြေတင်ဆက်ခဲ့ခြင်း ဖြစ်သည်။K-Pop အမျိုးသမီးအဖွဲ့ Blackpink ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ကမ္ဘာတစ်ဝန်း ကျော်ကြားလာခဲ့သည့် အသက် ၂၉ နှစ်အရွယ် လီဆာ၏ ယခုဖျော်ဖြေမှုသည် အရှေ့တောင်အာရှ ဂီတလောကအတွက် များစွာဂုဏ်ယူဖွယ်ရာ မှတ်တိုင်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဖလား ဖွင့်ပွဲစင်မြင့်ပေါ် တက်ရောက်ဖျော်ဖြေသည့် ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် လီဆာ သမိုင်းမှတ်တမ်းဝင်
Jun 13 • 11:23 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 37 | 0 | 0 | 0 |


