စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်အတွင်းရှိ ထမံသီဘေးမဲ့တောသို့ လာရောက်လေ့လာလိုသည့် ခရီးသွားများ ရှိနေသော်လည်း နယ်မြေအခြေအနေ မတည်ငြိမ်မှုနှင့် ခရီးသွားလာရေး အခက်အခဲများကြောင့် လုံခြုံရေး အာမမခံနိုင်သဖြင့် ခရီးစဉ်များကို ငြင်းပယ်နေရကြောင်း ဒေသခံများနှင့် ဧည့်လမ်းညွှန်များထံမှ သိရသည်။ထမံသီဘေးမဲ့တောသည် ယခင်က နိုင်ငံခြားသားခရီးသွားများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လေ့လာသူများ အထူးစိတ်ဝင်စားကာ အမြဲမပြတ် လာရောက်လေ့လာလေ့ရှိသည့် ကမ္ဘာသိနေရာတစ်ခု ဖြစ်ခဲ့သော်လည်း၊ လက်ရှိတွင် နယ်မြေဒေသမတည်ငြိမ်မှု၊ အဆက်အသွယ်ပြတ်တောက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတို့ကြောင့် လေ့လာရေးခရီးစဉ်များအားလုံး ရပ်ဆိုင်းထားရခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းတွင် နယ်မြေမတည်ငြိမ်မှုနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ထမံသီဘေးမဲ့တောသို့ လာရောက်မည့် ခရီးသွားများကို ငြင်းပယ်နေရ
Jun 13 • 11:06 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


