ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် လာမည့် ဇွန်လ ၁၄ ရက်မှ ၁၈ ရက်အတွင်း တနိုင်း၊ ဖားကန့်နှင့် ခန္တီးမြို့နယ်များ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်ခြေ မြင့်မားနေကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဇွန်လ ၁၃ ရက် (ယနေ့) တွင် သတိပေးထုတ်ပြန်ထားသည်။ ထို့ကြောင့် အဆိုပါဒေသများရှိ ကျောက်စိမ်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းခွင်များမှ မြေစာပုံအနီး လုပ်ငန်းဝင်ရောက်လုပ်ကိုင်နေကြသူများအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် ပြင်းထန်မိုးလေဝသဘေးအန္တရာယ်များကို အထူးဂရုပြုကြရန် အကြံပြုနှိုးဆော်ထားကြောင်း သိရသည်။
မုတ်သုံလေအားကောင်းသဖြင့် ကချင်နှင့် စစ်ကိုင်းအထက်ပိုင်းတို့တွင် မိုးသည်းထန်နိုင်၊ သတ္တုနှင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ သတိပြုရန် နှိုးဆော်
Jun 13 • 11:05 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


