ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ၃ လမ်းဆုံအဆင်းရှိ ဟော့ပေါ့ဆိုင်ရှေ့တွင် ဇွန်လ ၁၂ ရက် (ယမန်နေ့) ညပိုင်းက ကား ၃ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကုန်းပေါ်မှ မောင်းနှင်ဆင်းလာသည့် ဟွန်ဒါဖစ် (Honda Fit) ကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသည့် အခြားဟွန်ဒါဖစ်ကားတစ်စီးကို ဝင်ရောက်တိုက်မိခဲ့ရာမှ အဆိုပါအတိုက်ခံရသည့်ကားက ရှေ့ရှိနောက်ထပ်ကားတစ်စီးကိုပါ ထပ်မံဆင့်တိုက်မိခြင်း ဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ရပ်ထားသည့် ကား ၂ စီးပေါ်၌ လူမရှိသဖြင့် ထပ်မံထိခိုက်မှုမရှိသော်လည်း ဝင်တိုက်သည့်ကားမှ ယာဉ်မောင်းမှာမူ ရင်ဘတ်နှင့် ခေါင်းတို့တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်းနှင့် ကားများလည်း ပျက်စီးမှုများပြားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ ကား ၃ စီး ဆင့်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်းတစ်ဦး ပြင်းထန်ဒဏ်ရာရရှိ
Jun 13 • 10:32 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 23 | 0 | 0 | 0 |


