back

MFF ဥက္ကဌသစ်ရွေးကောက်ပွဲကို ၂၀၂၇ ဇူလိုင်တွင် ပြုလုပ်မည်ဖြစ်ပြီး ဥက္ကဌဦးဇော်ဇော် သက်တမ်းကုန်၍ ထွက်ခွာမည်

Jun 13 • 10:16 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

MFF ဥက္ကဌသစ်ရွေးကောက်ပွဲကို ၂၀၂၇ ဇူလိုင်တွင် ပြုလုပ်မည်ဖြစ်ပြီး ဥက္ကဌဦးဇော်ဇော် သက်တမ်းကုန်၍ ထွက်ခွာမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဌသစ်ရွေးချယ်ရန် အမှုဆောင်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် ဇူလိုင်လအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း လက်ရှိဥက္ကဌ ဦးဇော်ဇော်က ဇ...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဌသစ်ရွေးချယ်ရန် အမှုဆောင်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် ဇူလိုင်လအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း လက်ရှိဥက္ကဌ ဦးဇော်ဇော်က ဇွန်လ ၁၁ ရက်တွင် တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။ ဦးဇော်ဇော်သည် ၂၀၀၅ ခုနှစ်ကတည်းက တာဝန်ယူခဲ့သော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ စည်းမျဉ်းအရ ဥက္ကဌတစ်ဦးသည် ရွေးကောက်ပွဲသက်တမ်း ၃ ကြိမ်သာ အများဆုံးထမ်းဆောင်ခွင့်ရှိသဖြင့် လာမည့် ၂၀၂၇ ခုနှစ်တွင် သက်တမ်းကုန်ဆုံးကာ ရာထူးမှထွက်ခွာရတော့မည်ဖြစ်ကြောင်းနှင့် မည်သူမဆို ဝင်ရောက်အရွေးခံနိုင်ကြောင်း သိရသည်။

news-view-count-icon

59