စားအုန်းဆီသိုလှောင်ကန်များ၏ လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ တာဝန်ရှိသူများသည် ကြည့်မြင်တိုင်မြို့နယ်နှင့် သန်လျင်မြို့နယ်ရှိ စားအုန်းဆီသိုလှောင်ကန်များသို့ သွားရောက်ကာ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန်နိုင်ရေး ပြင်ဆင်ထားရှိမှုများနှင့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်နေမှု အခြေအနေများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 13 • 10:03 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 40 | 0 | 0 | 0 |


