ရွှေပြည်သာမြို့နယ်အတွင်း လိုအပ်လျက်ရှိသော ထရန်စဖော်မာ ၃၁ လုံး တည်ဆောက်ခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ ဘတ်ဂျက်ခွင့်ပြုချက် ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ဖြေကြားခဲ့သည်။ ဇွန်လ ၁၂ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့မှ တပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဝန်ကြီးက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ ထရန်စဖော်မာ ၃၁ လုံး တည်ဆောက်ခြင်းအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဘတ်ဂျက်ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးမည်
Jun 13 • 9:59 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 33 | 0 | 0 | 0 |


