Space Exploration Technologies (SpaceX) ကုမ္ပဏီသည် ၎င်းတို့၏ ပုဂ္ဂလိကသို့ ကနဦးစတော့ရှယ်ယာ မိတ်ဆက်ရောင်းချမှု (IPO) တွင် ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၃၅ နှုန်းဖြင့် ဈေးနှုန်းသတ်မှတ်ခဲ့ပြီး၊ ရှယ်ယာပေါင်း ၅၅၅.၅၆ သန်းခန့်ကို ရောင်းချကာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၅ ဘီလျံအထိ ရှာဖွေစုဆောင်းနိုင်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။ အဆိုပါ IPO ဈေးနှုန်းသတ်မှတ်ချက်အရ ကုမ္ပဏီ၏ စုစုပေါင်းကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၇၇ ထရီလျံခန့်အထိ ရှိလာခဲ့သည်။ ဇွန်လ ၁၁ ရက် (ကြာသပတေးနေ့) ထုတ်ပြန်ချက်များအရ SpaceX ၏ စတော့ရှယ်ယာများကို ဇွန်လ ၁၂ ရက် (သောကြာနေ့) တွင် Nasdaq စတော့ဈေးကွက်၌ စတင်အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Jun 13 • 7:33 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 36 | 0 | 0 | 0 |


