- မင်းသား Kim Mu Yeol ဟာ Netflix ရဲ့ "Teach You a Lesson" ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖို့ ရွေးချယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိတ်မသက်မသာ ဖြစ်နေရတဲ့ အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာ အရင်က ပါဝင်ဖို့ရှိခဲ့တဲ့ Kim Nam Gil ရဲ့ နာမည်ကို ဆက်လက် ပြောဆိုနေကြတဲ့အပေါ် သူက စိတ်မသက်မသာ ဖြစ်သလို တောင်းပန်ချင်စိတ်လည်း ရှိနေတာပါ။ ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Kim Mu Yeol က အဲဒီဇာတ်လမ်းရဲ့ အစောပိုင်း Casting လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ အငြင်းပွားမှုတွေကို ရင်ဖွင့်ခဲ့ပါတယ်။ Kim Nam Gil ဟာ အဓိကဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ ရှိခဲ့ပေမဲ့ လူထုရဲ့ ဝေဖန်မှုတွေနဲ့ ပရိသတ်တွေရဲ့ ကန့်ကွက်မှုတွေကြောင့် နောက်ဆုံးမှာ နုတ်ထွက်သွားခဲ့တာပါ။ အဲဒီနောက်မှာတော့ Kim Mu Yeol က ကျောင်းပတ်ဝန်းကျင်က ပဋိပက္ခတွေကို ဖြေရှင်းပေးတဲ့ ဆရာများအခွင့်အရေးကာကွယ်ရေးဗျူရိုက ဒါရိုက်တာ Na Hwa Jin နေရာမှာ အစားထိုးပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။“Kim Nam Gil ရဲ့ နာမည်ကို ခဏခဏ ပြောဆိုနေကြတဲ့အတွက် ကျွန်တော် အရမ်းကို စိတ်မသက်မသာ ဖြစ်သလို တောင်းပန်ချင်စိတ်လည်း ပိုများလာပါတယ်။ အဲဒီအချက်က တစ်ဖက်လူအတွက် မလေးမစား လုပ်သလို ဖြစ်နေမှာကိုလည်း စိုးရိမ်မိပါတယ်”လို့ Kim Mu Yeol က ပြောဆိုခဲ့ပါတယ်။



