back

U.S.Aဝါရှင်တန်မြို့တော်နေရှယ်နယ်မောလ် မြက်ခင်းပြင်ပေါ်မှ ကိန်းဂဏန်းလေးလုံးအတွက် စုံစမ်းစစ်ဆေးနေ

Jun 13 • 6:52 AM

breaking-news

မြန်မာ

ပြည်ပ

cover

U.S.Aဝါရှင်တန်မြို့တော်နေရှယ်နယ်မောလ် မြက်ခင်းပြင်ပေါ်မှ ကိန်းဂဏန်းလေးလုံးအတွက် စုံစမ်းစစ်ဆေးနေ

U.S.Aဝါရှင်တန်မြို့တော် နေရှယ်နယ်မောလ်ရင်ပြင် မြက်ခင်းပြင်ပေါ်၌၈၆၄၇ ကိန်းဂဏန်းများပေါ်နေမှုနှင့်ပတ်သက်၍ အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေကြောင်း ဇွန်...

U.S.Aဝါရှင်တန်မြို့တော် နေရှယ်နယ်မောလ်ရင်ပြင် မြက်ခင်းပြင်ပေါ်၌၈၆၄၇ ကိန်းဂဏန်းများပေါ်နေမှုနှင့်ပတ်သက်၍ အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေကြောင်း ဇွန် ၁၁ ရက် သတင်းများ တွင် ရေးသားတင်ပြထားသည်။နေရှယ်နယ်မောလ် ရင်ပြင်မြက်ခင်းပြင်ပေါ်၌ ပေါ်ထွက်နေသောအထက်ပါဧရာမကိန်းဂဏန်းလေးလုံးကို ရိုက်တာသတင်းဌာန သတင်းထောက်တစ်ဦးက တွေ့ရှိခဲ့ပြီးနောက်အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းနေခြင်းဖြစ်သည်။

အထက်ပါကိန်းဂဏန်း လေးလုံးအနက် ရှစ်ဂဏန်း၊ ခြောက်ဂဏန်းနှင့် ခုနစ်ဂဏန်းများမှာ ထင်ရှားသော်လည်း လေးဂဏန်းမှာမူ မှေးမှိန်နေကြောင်း သိရသည်။အမေရိကန်အစိုးရတာဝန်ရှိသူများ၏ အဆိုအရ ၈၆၄၇ ဂဏန်းတွဲလေးလုံးသည် သမ္မတဒေါ်နယ်ထရန့်နှင့် ၎င်းဦးဆောင်သော အစိုးရအဖွဲ့ကို ဆန့်ကျင်ကန့်ကွက်ရာတွင်နိုင်ငံရေးအတိုက်အခံများ အသုံးပြုနေသည့် ကိန်းဂဏန်းတွဲဖြစ်ကြောင်းသိရသည်။

အထက်ပါ ဂဏန်းတွဲလေးလုံးအနက် ၈၆ ဟူသော ကိန်းဂဏန်းမှာအမေရိကန်စားသောက်ဆိုင်လောက၏ ဗန်းစကား တစ်မျိုးဖြစ်သောတစ်စုံတစ်ရာကို ဖယ်ရှားခြင်း၊ မောင်းထုတ်ခြင်းတို့ကို ကိုယ်စားပြုကြောင်းအမေရိကန် တရားရေးဝန်ကြီးဌာနတာဝန်ရှိသူများက ပြောကြားထားသည်။၄၇ ဟူသော ကိန်းဂဏန်းမှာမူအမေရိကန်ပြည်ထောင်စု၏ ၄၇ ဦးမြောက် သမ္မတဖြစ်သော ဒေါ်နယ်ထရန့်ကို ရည်ညွှန်းကြောင်း သိရသည်။



news-view-count-icon

32