မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ မကြာမီ ထွက်ပေါ်တော့မည့် ကာလအတွင်း အွန်လိုင်းပေါ်၌ "အောင်စာရင်း ကြိုတင်ကြည့်ပေးမည်" ဟု ပြောဆိုကာ မသမာသူများ၏ လိမ်လည်လှည့်ဖြားနေမှုများကို အထူးသတိပြုကြရန် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နှိုးဆော်ထားသည်။ စာစစ်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းစနစ်အရ အများပြည်သူသို့ တရားဝင်မကြေညာခင် အောင်စာရင်း ကြိုတင်ပေါက်ကြားရန် လုံးဝမဖြစ်နိုင်သဖြင့် ယင်းသို့ပြောဆိုမှုများသည် ရာနှုန်းပြည့် လိမ်လည်မှုများသာဖြစ်ကြောင်း၊ မသမာသူများသည် အစပိုင်းတွင် ခုံအမှတ်ကို အခမဲ့တောင်းယူပြီးနောက် "စာမေးပွဲကျနေသဖြင့် အောင်အောင်လုပ်ပေးမည်" သို့မဟုတ် "ဂုဏ်ထူးရအောင် လုပ်ပေးမည်" ဟု အယုံသွင်းကာ ငွေကြေးများကို အဆင့်ဆင့် လိမ်လည်တောင်းခံတတ်ကြကြောင်းနှင့် အောင်စာရင်းများကို တရားဝင် ဝက်ဘ်ဆိုက်မှသာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတိပေးနှိုးဆော်ထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြိုတင်ကြည့်ပေးမည်ဆိုသည့် အလိမ်အညာများကို သတိပြုရန် စာစစ်ဦးစီးဌာန နှိုးဆော်
Jun 13 • 6:09 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 161 | 0 | 0 | 0 |


