back

ကမ္ဘာ့ဖလားဖွင့်ပွဲ၌ လီဆာ၏ဖျော်ဖြေမှု မှတ်တမ်းသစ်ရေးထိုးနိုင်ဟုဆို

Jun 13 • 5:21 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာ့ဖလားဖွင့်ပွဲ၌ လီဆာ၏ဖျော်ဖြေမှု မှတ်တမ်းသစ်ရေးထိုးနိုင်ဟုဆို

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲအခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တယ...

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲအခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြပါရှိပါတယ်။ ဇွန်လ ၁၂ ရက်နေ့ ညပိုင်းက အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့မှာ ကျင်းပတဲ့ ဆိုးဖိုင်း အားကစားကွင်းကြီး ထဲမှာ လီဆာက သူ့ရဲ့ Goals သီချင်းကို မြူးမြူးကြွကြွ ဖျော်ဖြေသွားခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ဂုဏ်ပြု သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ Goals ကို တင်ဆက်ရာမှာ လီဆာနဲ့အတူ ဘရာဇီး အဆိုတော် အနစ်တာ၊ နိုက်ဂျီးရီးယား အဆိုတော် ရမ်မာတို့ကပါ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ အသက် ၂၉ နှစ်အရွယ် လီဆာဟာ ကမ္ဘာကျော် တောင်ကိုရီးယား အမျိုးသမီး KPop အဖွဲ့ Black Pink နဲ့အတူ နိုင်ငံတကာ ဂီတကြယ်ပွင့် တစ်ဦး အဖြစ် တောက်ပလာခဲ့သူလည်းဖြစ်ပါတယ်။ အရင်က ကမ္ဘာ့ဖလား ဖွင့်ပွဲ အစီအစဉ်တွေမှာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေက အနုပညာရှင်တွေ ဖျော်ဖြေခွင့်ရတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။Goalsဟာ အာဖရိကန် ဂီတစည်းချက်တွေ၊ လက်တင် Popဂီတ အငွေ့အသက်တွေ၊ KPop ဂီတရဲ့ မြူးကြွမှု တွေကို ပေါင်းစပ်ထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်သလို ကမ္ဘာ့ဖလားမှာ လီဆာ၊ အနစ်တာ၊ ရမ်မာတို့ရဲ့ ဖျော်ဖြေ မှုကို ကြည့်ရှုသူဟာ ပထမဆုံး ၁၂ နာရီအတွင်း သန်း ၅၀ ကျော်လွန်သွားခဲ့တယ်လို့သိရပါတယ်။


news-view-count-icon

38