back

နေပြည်တော်၊ ပဲခူးနှင့် ရန်ကုန်ရှိ ကျောင်းများအတွက် FIFA က လှူဒါန်းသည့် ဘောလုံး ၁၁,၀၀၀ ကျော် လွှဲပြောင်းပေးအပ်

Jun 13 • 5:16 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

နေပြည်တော်၊ ပဲခူးနှင့် ရန်ကုန်ရှိ ကျောင်းများအတွက် FIFA က လှူဒါန်းသည့် ဘောလုံး ၁၁,၀၀၀ ကျော် လွှဲပြောင်းပေးအပ်

မြန်မာ့ဘောလုံးလောက၏ အနာဂတ်မျိုး ဆက်သစ် ကျောင်းသား၊ ကျောင်းသူများကို မြေတောင်မြှောက်ပေးမည့် FIFA Football for Schools အစီအစဉ် မိတ်ဆက်ခြင်းနှင့် ဘောလုံးလွှဲပြောင်...

မြန်မာ့ဘောလုံးလောက၏ အနာဂတ်မျိုး ဆက်သစ် ကျောင်းသား၊ ကျောင်းသူများကို မြေတောင်မြှောက်ပေးမည့် FIFA Football for Schools အစီအစဉ် မိတ်ဆက်ခြင်းနှင့် ဘောလုံးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများကို နေပြည်တော်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်အရ နေပြည်တော် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး ၂ ခုရှိ အခြေခံပညာကျောင်းများအတွက် FIFA က လှူဒါန်းသည့် Adidas Size-4 ဘောလုံးအလုံးရေ ၁၁,၀ ၀၀ ကျော်ကို သက်ဆိုင်ရာ ပညာရေးမှူးရုံးများနှင့် ကျောင်းတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။နေပြည်တော် အခမ်းအနားကို ဇဗ္ဗူသီရိမြို့နယ်၊ အထက (၆) အားကစားကွင်း၌ ကျင်းပခဲ့ကာ ဘောလုံး(၈၉၃)လုံးကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။




news-view-count-icon

59