back

ကလေးငယ်များဟင်းသီးဟင်းရွက်ကြိုက်စေရန် သန္ဓေတည်စဉ်တည်းကစတင်လေ့ကျင့်သင့်ကြောင်း သုတေသနအကြံပြု

Jun 13 • 4:52 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကလေးငယ်များဟင်းသီးဟင်းရွက်ကြိုက်စေရန် သန္ဓေတည်စဉ်တည်းကစတင်လေ့ကျင့်သင့်ကြောင်း သုတေသနအကြံပြု

မိဘတွေက ကလေးငယ်တွေကို ဟင်းရွက်စားဖို့ အတော်လေးကြိုးပမ်းတိုက်တွန်းနေရတာ အဖြစ်များပါတယ်။ သုတေသနတစ်ခုမှာတော့ ကလေးငယ်တွေ မမွေးခင်တည်းက ဟင်းရွက်အနံ့တွေ ထိတွေ့စေမယ်ဆ...

မိဘတွေက ကလေးငယ်တွေကို ဟင်းရွက်စားဖို့ အတော်လေးကြိုးပမ်းတိုက်တွန်းနေရတာ အဖြစ်များပါတယ်။ သုတေသနတစ်ခုမှာတော့ ကလေးငယ်တွေ မမွေးခင်တည်းက ဟင်းရွက်အနံ့တွေ ထိတွေ့စေမယ်ဆိုရင် ဟင်းရွက်နံ့တွေကို မကြိုက်တဲ့ပုံစံမျိုး သိပ်မတွေ့ရဘူးလို့ တွေ့ရှိလာပါတယ်။ သုတေသီတွေက ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့ကို ကိုက်လံအမှုန့်ဆေးတောင့်များ ပေးခဲ့ပြီး အချို့ကိုတော့ မုန်လာဥနီဆေးတောင့်များ ပေးခဲ့ပါတယ်။ ဗိုက်ထဲက ကလေးကို ဓာတ်မှန်အသုံးပြု ကြည့်ရှုကာ မုန်လာဥနီနဲ့ ကိုက်လံထိတွေ့မှုကြောင့် ဖြစ်လာတဲ့ မျက်နှာတုံ့ပြန်မှုတွေကို စစ်ဆေးမှတ်သားခဲ့ပါတယ်။ ဒီနောက် ကလေး ၁၂ ယောက်ကို အသက် ၃ နှစ်အထိ စောင့်ကြည့်ခဲ့ပါတယ်။ မုန်လာဥနီအနံ့တွေနဲ့ ထိတွေ့ခဲ့ရတဲ့ ကလေးတွေက မုန်လာဥနီအနံ့ရတဲ့အခါ အပြုသဘောဆောင် တုံ့ပြန်တာကို တွေ့ခဲ့ပြီး ကိုက်လံနဲ့ ထိတွေ့ခဲ့တဲ့ ကလေးတွေကတော့ ကိုက်လံအနံ့ရရင် သဘောကျကြပါတယ်။

news-view-count-icon

36