Facebook ရဲ့ မိခင်ကုမ္ပဏီ Meta က Mytel ပိုင် TV360 Facebook စာမျက်နှာကို ဇွန်လ ၁၃ ရက်မှာ ဖယ်ရှားလိုက်ပါတယ်။ အဲဒီစာမျက်နှာကို Mytel က ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ထုတ်လွှင့်ပြသမှုတွေကို ကြော်ငြာဖို့ အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ထားတဲ့ ဆက်သွယ်ရေးကုမ္ပဏီဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့်ကို FIFA ဆီက ရရှိထားတာ ဖြစ်ပါတယ်။
။



