ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်၊အုပ်စုDပွဲစဉ်အဖြစ် ဒီနေ့မနက်ပိုင်းမှာ အိမ်ရှင် အမေရိကန်နဲ့ ပါရာဂွေးတို့ ကစားခဲ့ကြပြီး အိမ်ရှင် အမေရိကန်က လေးဂိုး-တစ်ဂိုးနဲ့ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။အမေရိကန်အသင်းဟာ နည်းပြ ပိုချက်တီနိုလက်အောက်မှာ ပုံစံကောင်းရရှိနေပြီး အဖွင့်ပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။အမေရိကန်အတွက် ဂိုးတွေကို ပါရာဂွေးနောက်ခံလူ ဘိုဘာဒယ်လာ က ကိုယ့်ဂိုးကိုသွင်းယူခဲ့မိတာက စတင်ရရှိခဲ့တာဖြစ်ပြီး တိုက်စစ်မှုး ဘလိုဂမ်က ၂ဂိုး၊ကွင်းလယ်လူ ရေနာက တစ်ဂိုးသွင်းယူပေးခဲ့ကြပါတယ်။
ဒီနေ့ပွဲစဉ်ကို နာမည်ကျော်ရုပ်ရှင်မင်းသားမင်းသမီးတွေအပြင် ဖီဖာဉက္ကဌ အင်ဖန်တီနို၊အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယို တို့ပါ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။



