စားအုန်းဆီသိုလှောင်ကန်တွေရဲ့ လုံခြုံရေး၊သဘာဝဘေးကြုံပါကတုံ့ပြန်နိုင်ရေးကြိုတင်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှသိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာအဖွဲ့တွေက ကြည့်မြင်တိုင်မြို့နယ်နှင့် သန်လျင်မြို့နယ်ရှိ စားအုန်းဆီသိုလှောင်ကန်များသို့ သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြပါတယ်။အဲဒီလို စစ်ဆေးရာမှာ စားအုန်းဆီသိုလှောင်ကန်များရဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားမှုများ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိမှုများနှင့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်နေမှု နဲ့တာဝန်ရှိသူများက လုပ်ငန်းခွင်အတွင်း တွေ့ရှိရသည့် လိုအပ်ချက်များအား ဖြည့်စွက်ဆောင်ရွက်နိုင်ရေး၊ လုံခြုံရေးနှင့် မီးဘေးကာကွယ်ရေး အစီအမံများ ပိုမိုကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက ထိရောက်စွာ တုံ့ပြန်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးကာ လိုအပ်သည်များကို အကြံပြုဖြည့်စွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Jun 13 • 3:10 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 53 | 0 | 0 | 0 |


