ကျော်ကြီးခေါ် မြန်မာဖိုက်တာကျော်စွာဝင်းဟာဇွန်၁၂ရက်မနေ့ညကOne championship ပွဲမှာ မွေထိုင်းနည်းစနစ်နဲ့ ဆော့သွားတာလည်းဖြစ်ပါတယ်။ သူအားသားတဲ့ လက်သီးအားမပြုပဲ တံတောင်ရိုက်ချက်၊ခြေကန်ချက်တွေ အဓိကထားပြီး ကစားသွားခဲ့ပါတယ်။ အဆိုပါပွဲမှ ပြိုင်ဘက်ကိုလည်းအမှတ်ပြတ်နဲ့နိုင်သွားပါတယ်။ပြိုင်ပွဲဝင်မှုအေသးစိတ်မှာ-ပထမ အချီမှာ ဆလာတန် က ကျော်ကြီး ကိုအသာစီးယူပြီး ဆလာတန်ရဲ့ ဂတ်ကာပုံက အတော်လေး လုံပြီး ကျော်စွာဝင်းရဲ့ ပါဝါလက်သီးတွေနဲ့ တံတောင်တွေကို သေချာ ကာထားနိုင်ပြီး ထိရောက်စွာ တန်ပြန် တိုက်စစ်ဆင်ထားကာဒုတိယ အချီမှာတော့ ကျော်စွာဝင်း တည်ပြီး လိုက်ထိုးပါတယ်။ ဆလာတန်ကို ထိသလို ဆလာတန်ရဲ့ တန်ပြန် ထောက်လုံးတွေကလည်း ကျော်စွာဝင်းကို တည့်တည့်ကို ထိတာပါ။ ကျော်စွာဝင်းအနေနဲ့ သူထိုးကိုယ်ထိုး သူထိကိုယ်ထိ ဆိုတဲ့ ပုံစံမျိုးနဲ့ကို ထိုးတာလည်းဖြစ်ပါတယ်။တတိယ အချီမှာ ကျော်စွာဝင်း ထိုးတာ ဆလာတန် အတော်လေး နာပါတယ်။ ကျော်စွာဝင်းက head kick တွေပါသုံးလာတာ တွေ့ရပါတယ်။ပြိုင်ဘက် ဆလာတန် သက်လုံ ကုန်သွားပေမယ့် ပေထိုးပြီး အလဲထိုးမခံရအောင် ကာထားပါတယ်။တတိယအချီအပြီး ဒိုင်ဆုံးဖြတ်ရာမှာတော့ UD နဲ့ ကျော်ကြီး နိုင်ပါတယ်။



