မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသုံးပြုနိုင်ရန်အတွက် FIFA Football For Schools အစီအစဉ်အရ ဘောလုံးစုစုပေါင်း ၅,၅၀၇ လုံးကို ဇွန်လ ၁၂ ရက် (ယနေ့) နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ ဘောလုံးများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားနှင့်အတူ FIFA Football For Schools အစီအစဉ်အား မိတ်ဆက်ခြင်းကိုလည်း တစ်ပါတည်း ထည့်သွင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်ရှိ အခြေခံပညာကျောင်းများအတွက် FIFA Football For Schools အစီအစဉ်အရ ဘောလုံး ၅,၅၀၀ ကျော် လွှဲပြောင်းပေးအပ်
Jun 12 • 11:42 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 34 | 0 | 0 | 0 |


