အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများကို အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းနှင့် အသုံးပြုခဲ့သည့်ပစ္စည်းများကို စနစ်တကျဖျက်ဆီးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဇွန်လ ၁၁ ရက် (မနေ့က) တွင်လည်း ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၄ လုံးကို ထပ်မံ၍ စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ရာ လက်ရှိတွင် ဖျက်ဆီးရန် ၂၁ လုံးသာ ကျန်ရှိတော့ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများအနက် ဖြိုချဖျက်ဆီးရန် ၂၁ လုံးသာ ကျန်ရှိ
Jun 12 • 11:41 AM
မြန်မာ
ကရင်
မျှဝေမည်
| 25 | 0 | 0 | 0 |


