ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းလာမှုနှင့်အတူ ပြည်တွင်းအခေါက်ရွှေဈေးများလည်း လိုက်ပါကျဆင်းနေပြီး သုံးရက်အတွင်း ကျပ်ငါးသိန်းဝန်းကျင်အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။ ပြည်တွင်းရွှေဈေးကွက်အတွင်းလည်း အခေါက်ရွှေဈေးသည် ဇွန်လဆန်းပိုင်းမှစတင်ကာ ကျပ်သိန်း ၁၀၀ အောက်သို့ ဆက်တိုက်ကျဆင်းနေပြီး ရန်ကုန်တိုင်းရွှေအသင်းမှ ထုတ်ပြန်သည့် ရည်ညွှန်းဈေးများလည်း လျော့ကျလာသည်ကို တွေ့ရသည်။ ဇွန် ၁၂ ရက်နေ့တွင် ရွှေတစ်ကျပ်သား ရည်ညွှန်းဈေး ကျပ် ၆၉ သိန်းခွဲအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ပြင်ပဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၇၈၀၀၀၀ ခန့်ရှိနေကြောင်းလည်း ဈေးကွက်အတွင်းမှ သိရသည်။
| 34 | 0 | 0 | 0 |


