back

ရန်ကုန်ကလေးဆေးရုံကြီး၌ ပခုက္ကူမှ အသက် ၂ နှစ်ခွဲအရွယ် ရင်ချင်းဆက်အမွှာ မိန်းကလေးနှစ်ဦးအား သီးခြားစီခွဲစိတ်မှု စတင်ပြုလုပ်နေ

Jun 12 • 11:13 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ကလေးဆေးရုံကြီး၌ ပခုက္ကူမှ အသက် ၂ နှစ်ခွဲအရွယ် ရင်ချင်းဆက်အမွှာ မိန်းကလေးနှစ်ဦးအား သီးခြားစီခွဲစိတ်မှု စတင်ပြုလုပ်နေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှ အသက် (၂) နှစ် (၅) လအရွယ် ရင်ချင်းဆက်အမွှာ မိန်းကလေးနှစ်ဦးဖြစ်သည့် မကြာညိုသင်းနှင့် မကြာညိုသိမ့်တို့အား ရန်ကုန်ကလေးဆေးရုံကြ...

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှ အသက် (၂) နှစ် (၅) လအရွယ် ရင်ချင်းဆက်အမွှာ မိန်းကလေးနှစ်ဦးဖြစ်သည့် မကြာညိုသင်းနှင့် မကြာညိုသိမ့်တို့အား ရန်ကုန်ကလေးဆေးရုံကြီး၌ ဇွန်လ ၁၂ ရက် (ယနေ့) တွင် သီးခြားစီဖြစ်စေရန် ခွဲစိတ်ကုသမှု ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါကလေးငယ်များသည် ယခုနှစ် ဇန်နဝါရီ ၆ ရက်ကတည်းက ဆေးရုံတက်ရောက်ကာ ကြိုတင်ပြင်ဆင်မှုများ ခံယူခဲ့ကြခြင်းဖြစ်ပြီး၊ ယခုခွဲစိတ်မှုကို ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ထွန်းဦး၏ ကြီးကြပ်မှုဖြင့် ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဒေါ်ညိုညိုဝင်း ဦးဆောင်သော ဆေးဘက်ဆိုင်ရာအဖွဲ့က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများကလည်း ဆေးရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

33