စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မန္တလေး-မုံရွာလမ်းမကြီး၊ အင်္သခရာအဝိုင်းပတ်အနီးတွင် ဇွန်လ ၁၂ ရက် (ယနေ့) မွန်းလွဲ ၁၂ နာရီ ၈ မိနစ်အချိန်ခန့်က ခရမ်းချဉ်သီးများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပြီး၊ ဒဏ်ရာရရှိသူများကို အိုးဘိုလူမှုကူညီရေးအသင်းယာဉ်ဖြင့် စစ်ကိုင်းမြို့နယ် ကုတင် ၃၀၀ ဆံ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့ မန္တလေး-မုံရွာလမ်းမကြီးတွင် ခရမ်းချဉ်သီးတင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား၊ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ
Jun 12 • 11:12 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


