back

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယနေ့အစည်းအဝေးတွင် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့လိုအပ်ချက်ဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်း

Jun 12 • 11:10 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယနေ့အစည်းအဝေးတွင် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့လိုအပ်ချက်ဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်း

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန်လ ၁၂ ရက် (ယနေ့) တွင် ကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့ဒေသအလိုက် ဖွံ...

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန်လ ၁၂ ရက် (ယနေ့) တွင် ကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့လိုအပ်ချက်ဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ကာ လွှတ်တော်အစည်းအဝေးအထမြောက်ကြောင်း ကြေညာ၍ ဒုတိယနေ့ အစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ပြီး၊ အစည်းအဝေး မတက်ရောက်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ခွင့်ပန်ကြားချက်များကို တင်ပြကာ လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းနှင့် ကိုယ်စားလှယ်များ တက်ရောက်မှုအခြေအနေကို အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

25