တရားဝင်မှတ်ပုံတင်ထားသည့် ပရဟိတအသင်းများ လူမှုကူညီရေးလုပ်ငန်းများတွင် အသုံးပြုနေသော လိုင်စင်မဲ့မော်တော်ယာဉ်များကို အခွန်ငွေပေးသွင်းစေပြီး ဥပဒေနှင့်အညီ တရားဝင်လိုင်စင် ထုတ်ပေးရန် အစီအစဉ်မရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောကြားခဲ့သည်။ ဇွန်လ ၁၁ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မင်းလှမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်အောင်၏ ကြယ်ပွင့်ပြမေးခွန်းအပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်ပမှ တရားဝင်တင်သွင်းလာသည့် လူနာတင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ်များကိုသာ စိစစ်မှတ်ပုံတင်ပေးနေခြင်းဖြစ်ကာ တရားဝင်တင်သွင်းလာခြင်းမရှိသည့် လိုင်စင်မဲ့မော်တော်ယာဉ်များကိုမူ မှတ်ပုံတင်ဆောင်ရွက်ပေး၍မရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
လိုင်စင်မဲ့ ပရဟိတကားများကို ဥပဒေနှင့်အညီ လိုင်စင်ပြုလုပ်ပေးရန် အစီအစဉ်မရှိကြောင်း ပို့ဆောင်ရေးဒုဝန်ကြီး ပြောကြား
Jun 12 • 11:09 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 43 | 0 | 0 | 0 |


