နေပြည်တော်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်း ပြောင်းရွှေ့သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ရှိသဖြင့် ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် သတ်မှတ်အချိန်အလိုက် ယာယီဓာတ်အားပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ နေပြည်တော်တွင် ဇွန်လ ၁၃ ရက်၌ ၃၃ ကေဗွီ Project M/O ဓာတ်အားလိုင်းကို နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိလည်းကောင်း၊ ပျဉ်းမနား-အေလာ ဓာတ်အားလိုင်းကို ခုံကျော်တံတားတည်ဆောက်ရေးအတွက် ပြောင်းရွှေ့သွယ်တန်းရန် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိလည်းကောင်း ပိတ်ထားမည်ဖြစ်ရာ အေလာမြို့နှင့် သာဝတ္တိမြို့တို့တွင် ဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး၊ ဇွန်လ ၁၄ ရက်တွင်မူ MRTV-1 ဓာတ်အားလိုင်းကို နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ ယာယီပိတ်ထားမည်ဖြစ်သည်။ အလားတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း တောင်ကြီး-ဟိုပုံး၊ ဟိုပုံးနှင့် မိုင်းပွန်ဖီဒါ ဓာတ်အားလိုင်းများကို သစ်ပင်ရှင်းလင်းရန်ရှိသဖြင့် ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်ရာ ဟိုပုံးမြို့၊ ကျောက်တန်းမြို့နှင့် မိုင်းပွန်မြို့တို့ရှိ ရပ်ကွက် ၁၁ ကွက်နှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဓာတ်အားခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်မည်ဖြစ်သဖြင့် နေပြည်တော်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဇွန် ၁၃ နှင့် ၁၄ ရက်၌ ယာယီဓာတ်အားပိတ်မည်
Jun 12 • 11:08 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 24 | 0 | 0 | 0 |


