back

မုတ်သုံရာသီ ရာသီဥတုဆိုးရွားချိန် ငါးဖမ်းရေယာဉ်များ ရာသီဥတုခိုလှုံနိုင်မည့် နေရာ ၁၃ ခုကို ငါးလုပ်ငန်းဦးစီးဌာန အသိပေးထုတ်ပြန်

Jun 12 • 11:05 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မုတ်သုံရာသီ ရာသီဥတုဆိုးရွားချိန် ငါးဖမ်းရေယာဉ်များ ရာသီဥတုခိုလှုံနိုင်မည့် နေရာ ၁၃ ခုကို ငါးလုပ်ငန်းဦးစီးဌာန အသိပေးထုတ်ပြန်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားပြီး လှိုင်းဒဏ်လေဒဏ်ခံရချိန်များတွင် မြန်မာ့ပင်လယ်ငါ...

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားပြီး လှိုင်းဒဏ်လေဒဏ်ခံရချိန်များတွင် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်၌ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် နိုင်ငံသားပိုင် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ ခိုလှုံနိုင်ရန်အတွက် ရာသီဥတုခိုလှုံရာနေရာ ၁၃ ခုကို အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။ အဆိုပါ ရာသီဥတုခိုလှုံနိုင်မည့် အသေးစိတ်နေရာများမှာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငပုတော၊ ဘိုကလေးမြို့နယ်များ၊ မွန်ပြည်နယ်အတွင်းရှိ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လောင်းလုံ၊ မြိတ်၊ ကျွန်းစုမြို့နယ်များအတွင်း တည်ရှိကြောင်း သိရသည်။

news-view-count-icon

27