back

နှစ်စဉ် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၁၈ ရာခိုင်နှုန်းကျော် (ယူနစ် ၃,၅၅၉ သန်း) ဆုံးရှုံးနေ၍ လျှော့ချနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တိုက်တွန်း

Jun 12 • 11:04 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

နှစ်စဉ် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၁၈ ရာခိုင်နှုန်းကျော် (ယူနစ် ၃,၅၅၉ သန်း) ဆုံးရှုံးနေ၍ လျှော့ချနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တိုက်တွန်း

နိုင်ငံတော်လျှပ်စစ်ဓာတ်အားစနစ်၏ ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတို့တွင် နှစ်စဉ် ပျှမ်းမျှအားဖြင့် စုစုပေါင်းထုတ်လုပ်မှု၏ ၁၈ ရာခိုင်နှုန်းကျော် (ယူနစ် ၃,၅၅...

နိုင်ငံတော်လျှပ်စစ်ဓာတ်အားစနစ်၏ ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတို့တွင် နှစ်စဉ် ပျှမ်းမျှအားဖြင့် စုစုပေါင်းထုတ်လုပ်မှု၏ ၁၈ ရာခိုင်နှုန်းကျော် (ယူနစ် ၃,၅၅၉ သန်း) ခန့် သိသာစွာ ဆုံးရှုံးနေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ဓာတ်အားဆုံးရှုံးမှုများကြောင့် ပြည်သူများထံ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ခြင်းမရှိဘဲ နေ့စဉ်နှင့်အမျှ နစ်နာမှုများ ဖြစ်ပေါ်နေရခြင်းဖြစ်ပြီး၊ လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ ဆုံးရှုံးမှုများနှင့် လူတို့၏မသမာမှုများကြောင့် ဖြစ်ပေါ်နေသည့် ဆုံးရှုံးမှုများကို လျော့နည်းပပျောက်စေရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်နေသဖြင့် ဓာတ်အားစနစ်အတွင်း ဆုံးရှုံးမှုများ လျော့ကျသွားစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ထားသည်။

news-view-count-icon

38