back

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ၈ ပတ်ဆက်တိုက် ကျဆင်းလာပြီး တစ်လီတာ ကျပ် ၄,၀၀၀ အောက်သို့ ရောက်ရှိ

Jun 12 • 11:03 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ၈ ပတ်ဆက်တိုက် ကျဆင်းလာပြီး တစ်လီတာ ကျပ် ၄,၀၀၀ အောက်သို့ ရောက်ရှိ

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် သင်္ကြန်ကျော်ကာလမှစတင်ကာ ၈ ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီးနောက် ယခုတစ်ပတ်အတွင်း ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများမှာ တစ်လီတာလျှင် ကျ...

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် သင်္ကြန်ကျော်ကာလမှစတင်ကာ ၈ ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီးနောက် ယခုတစ်ပတ်အတွင်း ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများမှာ တစ်လီတာလျှင် ကျပ် ၄,၀၀၀ အောက်သို့ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဇွန်လ ၁၂ ရက် (ယနေ့) တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် ၉၂ ရွန် ဓာတ်ဆီ တစ်လီတာလျှင် ၃,၈၈၀ ကျပ်၊ ၉၅ ရွန် ၃,၉၁၅ ကျပ်နှင့် ဒီဇယ် ၃,၉၉၅ ကျပ် (ပရီမီယံဒီဇယ် ၄,၈၀၀ ကျပ်) အသီးသီးဖြစ်ပေါ်နေပြီး အဆိုပါဈေးနှုန်းများသည် ဇွန်လ ၁၈ ရက်နေ့အထိ အတည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၈၆ ဒေါ်လာဝန်းကျင် ရှိနေချိန်တွင် ပြည်တွင်း၌ နှစ်လအတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၂,၅၀၀ နီးပါးအထိ ဈေးနှုန်းကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

34