မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ဘောလုံးရာသီအကြို မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇွန်လ ၁၁ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့ရာ၊ ယခုရာသီတွင် ပင်မပံ့ပိုးသူ Max Energy (ကျပ်သိန်း ၈,၀၀၀) အပါအဝင် မိတ်ဖက်ကုမ္ပဏီများထံမှ စုစုပေါင်း ငွေကျပ်သိန်း ၂၁,၅၀၀ နှင့် သိန်း ၂,၃၅၀ တန်ဖိုးရှိ ပစ္စည်းထောက်ပံ့မှုများ လက်ခံရရှိခဲ့ကြောင်း သိရသည်။ အဆိုပါအလှူငွေများကို ပြိုင်ပွဲဝင်ကလပ်အသင်းများသို့ ပြန်လည်မျှဝေရာတွင် တစ်သင်းလျှင် အခြေခံထောက်ပံ့ငွေ ကျပ်သိန်း ၅၀၀ စီ (အိမ်ကွင်းစရိတ် သီးခြား) ပေးမည့်အပြင်၊ စံနှုန်းပြည့်မီပါက Club Development Subsidy ကျပ်သိန်း ၂၀၀ အထိ ထပ်မံရရှိနိုင်မည်ဖြစ်ပြီး၊ ပြိုင်ဆိုင်မှုမြှင့်တင်ရန်အတွက် ချန်ပီယံအသင်းအား ကျပ်သိန်း ၁,၀၀၀၊ ဒုတိယအသင်းအား ကျပ်သိန်း ၇၀၀ စသည်ဖြင့် ရာသီကုန်ရပ်တည်မှု အဆင့် (၁၀) အထိ အဆင့်အလိုက် ထောက်ပံ့မည့် စနစ်သစ်ကို ကျင့်သုံးသွားမည်ဖြစ်သည်။ ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ရတနာပုံနှင့် ဇွဲကပင် အသင်းသစ်နှစ်သင်း အပါအဝင် ကလပ်အသင်း ၁၀ သင်းဖြင့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်အထိ ၈ လကြာ ကျင်းပကာ ပွဲစဉ်ပေါင်း ၉၀ ကို ရန်ကုန်နှင့် ပုသိမ်မြို့တို့ရှိ ကွင်းများ၌ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး၊ ရုပ်သံလိုင်းများနှင့် YouTube တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ပြိုင်ပွဲအတွက် မိတ်ဖက်ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးပြီး အဆင့်အလိုက်ထောက်ပံ့မည့် စနစ်သစ်ကျင့်သုံးမည်
Jun 12 • 10:58 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


