ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းနှင့် ဇော်ဂျီလမ်းထိပ်ရှိ ပိတောက်ပင်တစ်ပင်သည် ယနေ့ညနေပိုင်းတွင် လမ်းမတော်နှင့် ဒဂုံမြို့နယ်တို့သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီ ဟုံဟိုင်း-အာအိုင်အာ ဓာတ်အားလိုင်းပေါ်သို့ လဲကျခဲ့သဖြင့် အချို့နေရာများတွင် ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ထံမှ သိရသည်။ အဆိုပါသစ်ပင်လဲကျမှုကြောင့် လမ်းမတော်မြို့နယ်အတွင်းရှိ ဆသရရုံး၊ ဂျန်းရှင်းမော်တင်၊ ဂရိတ်ဝေါကွန်ဒို၊ အင်ယာကောင်စီ၊ ရွှေလမင်းဆေးရုံနှင့် ဒဂုံမြို့နယ် ပြည်လမ်းခွဲရုံတို့တွင် ဓာတ်အားခေတ္တပြတ်တောက်နေခြင်းဖြစ်ပြီး၊ လက်ရှိတွင် လဲကျနေသော ပိတောက်ပင်အား ဖယ်ရှားရှင်းလင်းကာ အပိုင်းလိုက် အမြန်ဆုံး ဓာတ်အားပြန်လည်ရရှိစေရန် YESC က အရေးပေါ် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့၊လမ်းမတော်နှင့် ဒဂုံမြို့နယ်တို့သို့ လျှပ်စစ်ပေးထားသည့် ဓာတ်အားလိုင်းပေါ်သို့ ပိတောက်ပင်လဲကျ၍ ဓာတ်အားခေတ္တပြတ်တောက်
Jun 12 • 10:56 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 22 | 0 | 0 | 0 |


