မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာရှိ အ.မ.က (မူလွန်) ကျောင်းတွင် ယခုပညာသင်နှစ်၌ KG တန်းမှ Grade-7 အထိ လာရောက်ကျောင်းအပ်နှံကာ ပညာသင်ကြားနေသည့် အမြွှာပေါင်း ၉ မြွှာ (စုစုပေါင်း ၁၈ ဦး) ရှိနေကြောင်း သိရသည်။ အဆိုပါ အမြွှာကလေးငယ်များတွင် မိန်းကလေးအမြွှာ ၅ မြွှာ (၁၀ ဦး)၊ ယောက်ျားလေးအမြွှာ ၃ မြွှာ (၆ ဦး) နှင့် ယောက်ျားလေး-မိန်းကလေးအမြွှာ ၁ မြွှာ (၂ ဦး) စုစုပေါင်း အမြွှာကလေးငယ် ၁၈ ဦးအထိ တက်ရောက်လျက်ရှိကြောင်း ကျောင်းတွင်းမှတ်တမ်းများအရ သိရသည်။
Jun 12 • 10:32 AM
မြန်မာ
မွန်
မျှဝေမည်
| 24 | 0 | 0 | 0 |


